ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း လွိုင်လင်ခရိုင်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၊ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ တက်ရောက်ပေးအပ်

နမ့်စန်()     နိုဝင်ဘာ     ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စုရှိ ပန်လင်းဆိုင် ကျေးရွာသို့ ယမန်နေ့ မွန်းတည့် နာရီခွဲ အချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်မှူးချုပ်လှမိုးနှင့် ခရိုင်၊ မြို့နယ်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးလင်းဆိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ပန်လင်းဆိုင်ကျေးရွာရှိ မတ်ကျန်း ဌာနေပြည်သူ့စစ်၏ ပြည်သူ့ဆက်ဆံရေးရုံးဝန်းအတွင်းတွင် နမ့်စန်မြို့နယ်လဝက ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဖေမောင်တင်နှင့် ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို အဆိုပါ မတ်ကျန်းဒေသ ဘုရားဖြူစေတီဝန်းအတွင်းရှိ လင်းဆိုင်ဟိန်း ဓမ္မာရုံ၌ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မတ်ကျန်းဌာနေ ပြည်သူ့စစ်မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၉၅ ဦးအတွက် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် မတ်ကျန်းဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ရာ မတ်ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးလင်းဆိုင်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ဝမ်ပန်ဌာနေပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၀၆ ဦးနှင့် နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီးကျေးရွာအုပ်စုမှ အိမ်ထောင်စုဝင် ၆၉ ဦးတို့ အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး က လည်းကောင်း ၊  နားရိုင်းဌာနေပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၇၄ ဦး ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းလိတ် က လည်းကောင်း ၊  နမ့်စန်မြို့နယ် ၊ နားပွဲကျေးရွာအုပ်စုမှ အိမ်ထောင်စုဝင် ၅၅ ဦး၏ အိမ်ထောင်စုဝင် လူဦးရေစာရင်းများအား   ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့် ကလည်းကောင်း ၊ လွိုင်လင်မြို့နယ် ၊ နားယမ်းကျေးရွာအုပ်စုမှ တိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၉ ကတ်အား  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊ ရဲမှူးချုပ် တင်ကိုကို ကလည်းကောင်း ၊ လွိုင်လင်မြို့နယ် ၊ နားယမ်းကျေးရွာအုပ်စုမှ အိမ်ထောင်စုဝင် ၉၀ စု၏ အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက လည်း ကောင်း၊ လဲချားမြို့နယ် နောင်လိုင်ကျေးရွာမှ တိုင်းရင်းသားများအတွက် နို်ငငံသား စိစစ်ရေး ကတ်ပြား ၃၀၀ ကတ် ကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က လည်းကောင်း ၊ ကျေးသီးမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စုရှိ တိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၆ ကတ်ကို ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးနေလင်း ကလည်းကောင်း ၊ မိုင်းရှူးမြို့နယ် ၊ ပန်စွဲကျေးရွာအုပ်စု ရှိ တိုင်းရင်းသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၀ ကတ်ကို လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် လဲချားမြို့နယ် ၊ နောင်လိုင်ကျေးရွာနေ ပလောင်တိုင်းရင်းသား တစ်ဦးက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လွိုင်လင်ခရိုင် ဦးစီးမှူး ရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးများ၏ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်မှု မှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် အခမ်းအနား တက်ရောက် လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်