ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေ

ညောင်ဦး  နိုဝင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်ရှိ ကျေးလက် တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာ ထန်းပင်မြစ် ပျိုးထောင် ရောင်း ချနေသည့် ဦးတင်ဝင်းထံက သိရသည်။

ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးလက်တောင်သူများသည် ထန်း ပင်မြစ်ပျိုးထောင်ခြင်း အား ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆိုလ၊ ဝါခေါင်လတို့တွင် ထန်းသီးမှည့်များ ကောက်ယူစုဆောင်းပြီး တူးဖော်လို့လွယ်သည့် မြေနေရာအား ရွေးချယ်ပြီး ထန်းသီးမှည့်များပုံကာ သဲဖုံးထားရခြင်းဖြင့် ထန်းပင်မြစ် ပျိုးထောင်ခြင်း ခေါ်ဆိုကြောင်း၊ ထန်းပင်မြစ်ကို ထန်းပင်ပေါက်ဟုခေါ်ဆိုနိုင်ပြီး၊ ထန်းသီးမှည့် မြေကျင်းထဲ ပျိုးထောင်ချိန်မှ သုံးလကြာလျှင် ထန်းသီး ဆန်များမှ ထန်းပင်အညှောက်များ စတင်ထွက်လာပြီး ထန်းပင် မြစ်ပေါက်များ စတင်ဖွံ့ဖြိုးလာကာ သုံးလ ကျော်ချိန်ဖော်ယူနုတ်ကာ ရောင်းချကြကြောင်း သိရသည်။ အညာဒေသတွင် ထန်းပင်မြစ်ပျိုးထောင်ရောင်းချခြင်းအား ငွေကြေးအရင်းအနှီးမလိုပဲ လုပ်အားအရင်းအနှီးသာ လိုအပ်ကြောင်း ထန်းသီးမှည့်ချိန် ကြွေကျသည့် ထန်းသီးများ လိုက်လံကောက်ယူပြီး ပျိုးထောင်စိုက်ပျိုးမည့် မြေကျင်းများဆီ စုဆောင်းထားကြပြီး ပြန်လည်တူးဖော်ချိန် လွယ်ကူသည့် မြေကျင်းများကို ရွေးချယ်ပျိုးထောင်ကြကြောင်း ငါ့သရောက်မြို့ ထန်းပင်မြစ်ပျိုးထောင်ရောင်းချသူ ဦးမောင်တင့်က ရှင်းပြသည်။

ထန်းပင်မြစ်ပျိုးထောင်ရာတွင် မြေဆီ၊ မြေနှစ်ထည့်စရာမလိုပဲ မြေအမျိုးအစားမ ရွေးကြောင်း ပြန်လည် တူဖော်ရောင်း ချသည့်အခါ တူးဖော်လွယ်ကူစေရန်သာ သဲမြေအမျိုး အစားနှင့်တူဖော်လွယ်ကူရန် မြေအမျိုးအစားကို ရွေးချယ်ပျိုး ထောင်ကြကြောင်း သိရသည်။

ထန်းပင်မြစ်ခေါ် ထန်းပင်ပေါက်များအား ပြုတ်၍ ဆီ၊ဆားဖြင့် တို့စားခြင်း၊ ဖုတ်စားခြင်းနှင့် ကြော်စား ခြင်းများ ပြုလုပ်ကြပြီး ရာသီစာအဖြစ် အညာဒေသတွင် ဆောင်းတွင်းမီးဖိုမီးလှုံကြရင်း  ရေနွေးကြမ်းဖြင့် စုဖွဲ့ရပ်ရေးရွာရေး ဆွေးနွေးကြကြောင်း လဲဂွကျေးရွာ အသက် ၈၀ အရွယ် ဦးချစ်ပန်းကရှင်း ပြသည်။ ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ဆယ်ချောင်းစီးတစ်စီး ၆၀၀ ကျပ်ရောင်းချနေရပြီး ထန်းပင်မြစ် လှိုင်လှိုင် ပေါ်ချိန် ဆယ်ချောင်းစီးတစ်စီး ၃၀၀ ကျပ်ရောင်းချရကြောင်း၊ ထန်းပင်မြစ်များအား မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ ကျေးလက်တောင်သူများနှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်း တောင်းမြို့နယ်၊ ငါ့သရောက်မြို့၊ ပုဂံမြို့ ကျေးလက် တောင်သူများက ထန်းသီးရင့်မှည့်ချိန် ကြွေကျသည့် ထန်းသီးမှည့်များ ကောက်ယူပျိုးထောင်ပြီး ထန်းပင်မြစ်အဖြစ် ရောင်းချကြ ကြောင်းသိရကာ အရင်းအနှီးမများပဲ တူးဖော်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ဈေးကောင်း ရရှိနေကြောင်း ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများထံက သိရသည်။

ကိုထိန်၊KPD