မတ္တရာ နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၄ ရက်နေ့က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
မတ္တရာမြို့နယ်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ပြည်သူ (၅၃၄၁၉)ဦးအား ပထမအကြိမ်နှင့် (၃၄၄၉၄)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးပြီးကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိနေသူ များကိုလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)