ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) များ ဆက်လက်ထိုးနှံပေး

ရန်ကုန် နိုဝင်ဘာ  ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့် အထက ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၄၀နှစ်နှင့် အထက်ပြည်သူများ အားပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ကာကွယ် ဆေးထိုးနှံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမဂ်လာစျေး ဓမ္မာရုံနှင့်အလုပ်သမား ဓမ္မာရုံတို့တွင်၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင်လည်းကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို၊ ကျန်းမာရေး ဝန်းထမ်းများ နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ကသွေးအတွင်းအောက်စီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ရောဂါအခံရှိ၊မရှိမေးမြန်းခြင်း၊တို့ကိုဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများကစနစ်တကျကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ဗဟန်းမြို့နယ်အတွင်းရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာကာကွယ်ဆေးထိုးနှံခြင်းကိုသက်ဆိုင်ရာဦးစားပေးအလိုက်၊ဦးတည်အုပ်စုများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက် ရှိပြီး၊နိုဝင်ဘာ(၁၃)ရက်နေ့တွင် မဂ်လာစျေးဓမ္မာရုံ၌ အသက်၅၅နှစ်နှင့် အထက်ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၁၄၀)ဦးရှိကြောင်းသိရသည်။

အလားတူကိုဗစ်_၁၉ရောဂါကာကွယ်ဆေးများကိုအလုပ်သမားဓမ္မာရုံတွင်ရပ်ကွက်အလိုက် ၄၀ နှစ်နှင့်အထက်ပထမအကြိမ် ဆေးလာရောက်ထိုးနှံသူစုစုယရယပေါင်း (၂၁၁) ဦးရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာနေရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်မြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊

မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာကာကွယ်ဆေးထိုးနှံနိုင်ရန်ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရှိသည်။

အောင်မြင့်