ကျောက်မဲ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မကုဋဝတီ ကျောင်းတိုက်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၏ ၁၆ ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန် မင်္ဂလာအခမ်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင်မကုဋဝတီ ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဗလနှင့် သံဃာတော်များထံ ကထိန်လျာဉာတ်သင်္ကန်းကြီးနှင့် (ပဒေသာပင် ၃၃ ပင်အပါအဝင်) လှူဖွယ်ဝတ္ထုများ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၄၁၉၆၆၅၀ တို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရား ဟောကြားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။
အခမ်းအနားသို့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်)ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်၊ ခရိုင်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)