ကျောက်တော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေး ကတ်ပြားများပေးအပ်ပွဲကျင်းပ

ကျောက်တော် နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကစ္ဆပနဒီခန်းမအတွင်း၌ ကျောက်တော်မြို့နယ်အတွင်းရှိ တိုင်းရင်းသားများအား ပန်းခင်းစီမံချက် ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြား များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစီ စစ်ရေး ကတ်ပြားများပေးအပ်ပွဲအခမ်းအနားသို့ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းလှဇံ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ ရှေးဦးစွာ ခရိုင်ဦးစီးမှူးက ပန်ခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်များ ပေးအပ်ပွဲအခမ်း အနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်မှ ရွာမပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူးက ဆင်အိုးချိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ဘုရားပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး သို့လည်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား အိမ်ထောင်စုလူဦးရေစာ ရင်းနှင့်နိုင်ငံသား စီစစ်ရေးကတ်များအား ပေးအပ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ဝင်းမှ ယခုလိုပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်ဆောင်ရွက် ပေးသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုယ်စား ကျေးဇူး တင် စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရှိရသည်။

တင်လှိုင်