ကျောက်တလုံးကြီးမြို့၌ အသက်(၄၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၁၄၆၉ ဦး ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံ ပေးလျက်ရှိ

ကျောက်တလုံးကြီး         နိုဝင်ဘာ     ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာ၌ အသက် (၄၅) နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  (Sinopharm) ကို ယနေ့ နံနက် ၉ နာရီခန့်က  ပင်တွန် -အ.ထ.က(ခွဲ)၌  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းနှင့် ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပင်တွန်ကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ထိန်းချုပ်ရန်အတွက် နောင်ခဲကျေးအုပ်စုနှင့် ကက္ကူကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ်နှင့် အထက်ပြည်သူများ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ မသန်မစွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သည့် ရောဂါရှိသူများနှင့် ဦးတည်ရာအုပ်စုအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို နိုဝင်ဘာ(၁၂)ရက်နေ့မှ (၁၃)ရက်နေ့ အထိစုစုပေါင်း(၁၄၆၉)ဦးထိုးနှံပေးခဲပြီး ကြောင်းသိရသည်။

မြဝင်း (ကျောက်တလုံးကြီး)