မုဒုံမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကွင်းဆင်းဆောင်ရွက်

မုဒုံ နိုဝင်ဘာ ၁၄

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ   ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် (၆ လ ဘတ်ဂျတ်) အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ဝက်တဲကျေးရွာအုပ်စု၊ ပိုင်ကမာကျေးရွာနှင့် ညောင်ကုန်း ကျေးရွာတို့တွင် အဆိုပါကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဗညားက   စီမံကိန်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြောကြားပေးပြီး ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်    စည်းကမ်းချက်များ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်း ပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် ကျေးရွာသူ/ကျေးရွာသားများ၏ သဘောတူညီချက်ဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင် ကျေးရွာတစ်ရွာလျှင်()ဦးစီ ရွေးချယ်  ဖွဲ့စည်းကာ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများရွေးချယ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက် ခဲ့သည်။ မုဒုံမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို ကျေးရွာလေးရွာ၌ ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ငွေကျပ် သိန်း(၁၀၀)ဖြင့် ​ဖွံ့ဖြိုးရေး လုပ်ငန်းများကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိသည်။

အောင်မျိုးသူ(ပြန်/ဆက်)