ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်ဆည်၊ နိုဝင်ဘာ-၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် စုကြီးရပ်ကွက်၊ မြို့တော်ခန်းမနှင့် ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ တိုက်နယ်ဆေးရုံများရှိသည့် မင်းစု၊ သံရွာ၊ စမာ၊ ဒွေးလှ၊ ဖျောက်ဆိပ်ပင် ကျေးရွာများရှိ တိုက်နယ်ဆေးရုံများတွင် ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ကို ဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်းကာ ပြည်သူများ စိတ်အေးချမ်းသာစွာ ရှိစေရေး  စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် တတိယအသုတ် (ပထမအကြိမ်တွင်) (၁၂,၁၂၄)ဦး တို့အားထိုးနှံပေးခဲ့ပြီး၊ ကာကွယ် ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်တွင် တတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် (၅,၀၂၅)ဦးနှင့် စတုတ္ထအသုတ် (ပထမအကြိမ်)အဖြစ် (၄,၁၉၃)ဦး ထိုးပေးပြီးဖြစ်ကြောင်း  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)