သာစည်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ရသလမ်းဆုံစာဖတ်ဝိုင်း ပြန်လည်ပြုလုပ် နိုင်ရေး အကြိုညှိနှိုင်းစည်းဝေး

သာစည်      နိုဝင်ဘာ    ၁၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ရသလမ်းဆုံ စာဖတ်ဝိုင်း ပြန်လည်ပြုလုပ်နိုင်ရေး  အကြိုညှိနှိုင်းအစည်းအဝေးကို   ယနေ့ နံနက် ၁၀ နာရီက  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်သင်းသင်းက  (၁၀၁နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ရသလမ်းဆုံစာဖတ်ဝိုင်း ပြန်လည်ပြုလုပ်နိုင်ရေးအတွက်   ညှိနှိုင်းဆွေးနွေး လိုသောကြောင့်  အစည်းအဝေးခေါ်ရခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးပါရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်အတွင်းမှ စာရေးဆရာများနှင့် မြို့ပေါ်ကျောင်းများမှ ဆရာမများက  ကျင်းပမည့် ပြိုင်ပွဲများနှင့် စာဖတ်ဝိုင်း ပြန်လည်ပြုလုပ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြသည်။ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်   အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ကျောင်းငါးကျောင်းမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးသို့  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာမများ၊ မြို့နယ်အတွင်းမှ စာရေးဆရာများနှင့် ကဗျာဆရာများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်