ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ အခမဲ့ပြုလုပ်ပေးလျက်ရှိ

ကျောက်ဆည်၊ နိုဝင်ဘာ-၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများနိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည်စုံမှုရရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အရှေ့ ငယ်တိုးကျေးရွာသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အသက် (၁၀)နှစ်အထက် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၁၇)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၇)ဦး၊ အမျိုး သမီး (၇)ဦး စုစုပေါင်း (၄၇)ဦး၊  နိုင်ငံသားစိစစ်ရေးကဒ်ပြားများ နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ(၁၃၅,၇၁၀)အားနိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရှိရာ ယခုအခါ အသက်(၁၀)နှစ်မှ (၁၈)နှစ်အကြား (၂၇၇)ဦး၊ အသက်(၁၈)နှစ်အထက် (၂,၂၁၀)ဦး စုစုပေါင်း (၂,၄၈၇)ဦး အား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး အမျိုးသား(၁,၄၄၁)ဦး၊ အမျိုးသမီး(၁,၃၇၀)ဦး စုစုပေါင်း (၂,၈၁၁)ဦး ပါဝင်သည့် အိမ်ထောင်စု လူဦးရေ စာရင်း(၆၇၈)စု ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)