လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် လုပ်သား ၂၀၉ ဦး အား နေရပ်ဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင်

ကျိုင်းတုံ          နိုဝင်ဘာ     ၁၄

လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် မြန်မာလုပ်သား၂၀၉ ဦးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ယမန်နေ့ ညနေ နာရီခွဲက ရောက်ရှိခဲ့ရာ ၎င်းတို့အား နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေး  တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့‌ ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လာအိုနိုင်ငံမှ ပြန်လာသူများအား တာချီလိတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ ဝမ်လုံး Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိကာ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး နိုဝင်ဘာ ၁၃ ရက်က ပြန်လာရာ ညနေပိုင်းတွင် ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထမင်းဗူး၊ ရေသန့်ဗူးများ ထောက်ပံ့ပေးပြီး နေရပ်ဒေသ အသီးသီး အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)