မိုင်းငေါ့ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး ကို အသက် (၁၈)နှစ် အထက် ပြည်သူများအား ဒုတိယအကြိမ် (၉) ရက်နေ့အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် (၉)ရက် နေ့အဖြစ် ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျား (၉၄)ဦး ၊ မ(၁၀၁)ဦး စုစုပေါင်း (၁၉၅)ဦး တို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမားရေးဌာန မှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က တာလုံ အ.မ.က ကျောင်းတွင် ထိုးနှံပေးခဲ့ပါသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)