မိတ္ထီလာခရိုင်တွင် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပျူတာအဆင့်မြှင့်တင် သင်တန်းဖွင့်လှစ်သင်ကြား

မိတ္ထီလာ၊ နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပျူတာ အဆင့်မြှင့်သင်တန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရ သည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များရှိ ဝန်ထမ်းများ အနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်အတိုင်း ရုံးလုပ်ငန်းများကို Computerize Systemဖြင့် ကောင်းမွန်စွာ အသုံးပြု နိုင်ရေးအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ ၆ လ တွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖြစ်သော ကွန်ပျူတာ အဆင့်မြှင့်သင်တန်းကို ဖွင့်လှစ်သင်တန်းကြား ပေးခြင်းဖြစ်ကြောင်း၊ ၎င်းသင်တန်းကို နိုဝင်ဘာလ ၁၁ ရက် နေ့မှ ၃၀ ရက်နေ့အထိ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များမှ သင်တန်းသူ သင်တန်းသား(၁၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)