လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများသည် အမှတ်(၁၁)ရပ်ကွက်ရှိ ပြည်သူများအား ယနေ့ နံနက်ပိုင်းက "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့‌ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများသည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၀)ခုအား‌ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ဦးစီးမှူးရုံးတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူ များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)