ပေါက်ခေါင်း နိုဝင်ဘာ ၁၄
"ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်းဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပေါက်ခေါင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ပေါက်ခေါင်းမြို့နယ်တွင် အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ပထမအကြိမ် ထိုးနှံပြီးသူများကို ယခု ဒုတိယအကြိမ်အဖြစ် သတ်မှတ်ထားသော ဆေးထိုးစုရပ် များတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှစ၍ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက် ကြည့်ရှုအားပေးကြပြီး ဌာနဆိုင်ရာများ မြို့နယ်ကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ဆေးထိုးစုရပ်(၆)ခုတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇၄၆)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)