မိုင်းခတ်၌ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်​ ကျောင်းသား/သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ​ ပေးအပ်ပွဲကျင်းပ

မိုင်းခတ်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်​ကျောင်းသား/သူများအား နိုင်ငံသားစိစစ်​ရေးကတ်ပြားများ​ ပေးအပ်ပွဲကို ယ​မန်နေ့မွန်းလွှဲ ၁ နာရီက အခြေခံပညာအထက်တန်း​ကျောင်း အစည်းအ​ဝေးခန်းမ​ဆောင်တွင်​ ကျင်းပခဲ့သည်။

ထို့သို့​​ပေးအပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်​ရေး​အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးမြင့်စိုး၊ မြို့နယ်လူဝင်မှု ကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးလှမြင့်၊ မြို့နယ်ပညာ​ရေးမှူး၊​ကျောင်းအုပ် ဆရာကြီးတို့က အသက်(၁၀)နှစ်ပြည့် ကျောင်သား(၁၄)ဦး၊​ ကျောင်းသူ(၂၅)ဦး စုစုပေါင်း(၃၉)ဦးအား​ နိုင်ငံ​သားစိစစ်​ဆေးကတ်ပြားများ ပေးအပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါ​ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမြင့်စိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးလှမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာ​ရေးမှူးဦး​အေးလင်း၊ ​ကျောင်းအုပ်ဆရာကြီး ဦး​မောင်မြင့်လွင်နှင့် ဆရာ/မများ တက်​ရောက်ခဲ့​ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်