ကာမိုင်း နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီခွဲအထိ အထကမြစိမ်းရောင်ခန်းမ၌ ထိုးနှံခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အထက-ကာမိုင်းမှ ကျောင်းသား(၃၁)ဦး၊ ကျောင်းသူ(၄၈)ဦး၊ အထက်တန်းကျောင်း(ခွဲ) မြို့မ(၂)မှ ကျောင်းသား (၃၃)ဦး၊ ကျောင်းသူ(၄၈)ဦး စုစုပေါင်း ကျောင်းသား(၆၄)ဦး၊ ကျောင်းသူ(၉၆)ဦးရှိပြီး ဆေးအလုံးရေ(၈၀)လုံးကို ဆေးတစ်လုံးလျှင် (၂)ဦးနှုန်းဖြင့် လူဦးရေ (၁၆၀)ဦးအား ကာမိုင်းတိုက်နယ်ဆေးရုံ ဝန်ထမ်းများနှင့် သုဂတိမဂ္ဂလူမှု ကူညီရေး အသင်းဝင်များက စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)