နတ်မောက် နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ နဝမအကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲတွင် မြို့မဘုန်းတော်ကြီးကျောင်းတိုက်ရှိ ဆရာတော် ဦးကဝိန္ဒမှ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များကို တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ် ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက တရားတော်များကို နားယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပေးခဲ့သည်။
နတ်မောက်မြို့၌ နဝမအကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း(၃၆၉၈၀၀၀)ကျပ်အား နတ်မောက်မြို့နယ် လျှော်ချောင်းကြီးကျေးရွာအုပ်စု၊ လျှော်ချောင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းကို ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း