ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း Oxygen Plant စက်ရုံအား ကြည့်ရှုစစ်ဆေး၍ မြန်မာ့စီးပွားရေးဘဏ်ဖွင့်ပွဲတက်ရောက်

ကျေးသီး နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်(၈)နာရီက မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ကာ ဆရာတော်ဓမ္မအား ဖူးမြော်ကန်တော့၍ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ အလှူငွေ(၅)သိန်း ကျပ် လှူဒါန်းပေးကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျေးသီးမြို့နယ် Oxygen Plant စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရပြီး အဆိုပါ အောက်ဆီဂျင်စက်ရုံတွင် (၄၀)လီတာအိုး (၁)နာရီ အလုံး(၂၀)ထွက်ရှိသည်ဟု သိရသည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ် ကျေးသီး(ငွေတိုက်ခွဲ) အဆောက်အဦးသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့် ပြည်နယ်မန်နေဂျာ ဦးအောင်မျိုထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ အစ ငွေသွင်း၊ ငွေထုတ်၊ လစာက အစ အားလုံး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျေးသီးမြို့နယ်တွင် ဘဏ်ခွဲဖွင့်လှစ်နိုင်သည့်အတွက် ပြည်နယ်တစ်ခု အနေဖြင့် ဝမ်းသာအားရ မိပါကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများသည် တာဝန်ကျေပြွန်သူများဖြစ်ကြပြီး ကျေးသီးမြို့တွင် ဖွင့်လှစ်သည့်ဘဏ်အနေဖြင့် ဘဏ်ဝန်ထမ်းများကလည်း နိုင်ငံတော်မှ ပေးအပ်ထားသော တာဝန် များကို ကျေပြွန်စွာ ထမ်းဆောင်ပေး ကြရန်ငွေသွင်း၊ ငွေထုတ်ပြည်သူများကိုလည်း အဆင်ပြေချောမွေ့စွာ ဆက်ဆံ ပေးကြရန်နှင့် ပြည်တွင်း၌ မြန်မာ့စီးပွားရေးဘဏ် ပေါင်း(၅၉)ခု ဖွင့်လှစ်နိုင်ခြင်းကြောင့် အခြေအနေတိုးတက် လာပြီဖြစ်၍ ငွေကြေးနှင့် ပတ်သက်သော ကိစွရပ်များကို အားအဆင်ပြေစွာ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

၎င်းနောက် ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းမှ အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် မန်နေဂျာနှင့် ကျေးသီးသားကုမ္ပဏီမှ အဆောက်အဦး လွှဲပြောင်းအပ်နှံ စာချုပ်များကို အပြန်အလှန် လဲလှယ်ကြ၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများသည် အဆောက်အဦအသစ်အား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ယင်းနောက် ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်ဝန်များ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေ ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာ ကျော်ထွန်းက အမှာစကားပြောကြားပြီး ကျေးသီးမြို့နယ်အတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ Oxygen Concentrator (၆)လုံးတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်မှ လက်ခံရယူပြီး Rubbing Alcohol (၁၀လီတာ)၄၅ ဘူး၊ Hand Sanitizer (၄၀)လီတာဆံ အောက်ဆီဂျင်(၁၅)အိုး၊ အောက်ဆီဂျင် Flowmeter (၆)ခု Mask(၁၅၀၀၀)ခုတို့ကို ပြည်နယ်ဝန်ကြီးများက ပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အသီးသီး လက်ခံရယူကြပြီး ကျေးသီးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် လက်တလော လိုအပ်များအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်မှ တင်ပြရှင်းလင်း၍ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေ ချုပ်နှင့် တာဝန်ရှိသူများသည် ကျေးသီးမြို့ရှိ သုဝဏ္ဏသီရိဟုန်းခမ်း ဘုန်းကျောင်းသို့ သွားရောက်ကာ ကိုးမိုင် ဆရာတော်အား သွားရောက်ဖူးမြော် ကန်တော့၍ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်ဥနှင့် နဝကမ အလှူငွေကျပ်(၅) သိန်း ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများသည် ခိုလမ်မြို့နယ်အတွင်းရှိ နောင်ဖာကန် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ အလှူငွေ ကျပ်(၅)သိန်း ဆက်ကပ်လှူဒါန်းပေးကြပြီး နောင်ဖာကန်အတွင်း စက်လှေဖြင့် သွားရောက်လှည့်လည် ကြည့်ရှုကြသည်။

အဆိုပါ နောင်ဖာကန်သည် ကိုဗစ်-၁၉ ရောဂါ ကျဆင်းမှုလျှော့နည်းသွားပါက ခရီးသွားပြည်သူများ လာရောက် လည်ပတ်နိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူ များလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)