မောင်တော နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား တတိယအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေး ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက်ပေး လျက်ရှိသည်။
အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား တတိယအသုတ် (ဒုတိယ) အကြိမ်အဖြစ် နိုဝင်ဘာ (၁၃) ရက်နေ့တွင် လူဦးရေ ၁၀၆၁ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၅၃၄၁)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကျန်ရှိ သူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)