သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

သာစည် နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန   မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ်ရေးကတ်များကို ဆောင်ရွက်ပေးလျက်ရှိရာ   ယမန်နေ့ နံနက် ၉ နာရီက မုံပင်ဆုံကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့၌      အဖွဲ့နှစ်ဖွဲ့ဖြင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ လူစုလူဝေးမဖြစ်စေရန်နှင့်ပါးစပ်နှင့်နှာခေါင်းစည်း  စနစ်တကျတပ်ဆင်စေပြီး ကျန်းမာ ရေးဝန်ထမ်းများက သွေးအမျိုးအစားစစ်ဆေးပေးခြင်းတပါတည်းဆောင်ရွက်ကာ မြို့နယ် ဦးစီးမှူးရုံမှဝန်ထမ်းများက   ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံသား စိစစ်ရေး ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင်မုံပင်ဆုံ ကျေးရွာ၌ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ၃(က)  ၃၆ ဦး၊အသက် ၁၈ နှစ်ပြည့်ပြီးသူ ၆(က) ၁၁၁ ဦးတို့ကို  လည်းကောင်း၊ ဥသျှစ်ကုန်းကျေးရွာတွင်  အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ၃(က) ၁၈ ဦးနှင့် အသက် ၁၈ နှစ် ပြည့်ပြီးသူ၆(က) ၄၁ ဦးကိုလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်များ  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်း ဆောင်ရွက်ရာသို့  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန   မန္တလေးတိုင်းဒေသကြီးရုံးမှ ဒုတိယတိုင်းဦးစီးမှူးဦးဇော်ဝင်းမြင့်နှင့် မိတ္ထီလာခရိုင်ဦးစီးမှူး ဒေါ်အုန်းသန်းတို့   လာရောက်ကြည့်ရှု   အားပေးခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်တွင်   ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့်  ၄၂၃၆  ဦးဆောင်ရွက်နိုင်ခဲ့ဖြစ်ပြီး ကြောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးအောင်မွန်ထံကသိရသည်။

မြို့နယ်(ပြန်/ဆက်)