မိုးကောင်း နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် Women Club အဖွဲ့ဝင်တို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာစာစောင်မှ အမျိုးသမီးများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်နီနီလွင်က ဒေါက်တာခိုင်ခိုင်ဝင်းရေးသား သည့် အမျိုးသမီးများအတွက်လုံခြုံစိတ်ချရသောလုပ်ငန်းခွင်ဖြစ်ဖို့ရာ ခေါင်းစဉ်ပါ အကြောင်းအရာများ ဖြင့် စတင်မိတ်ဆက် ဆွေးနွေးခဲ့သည်။
ထို့နောက် Women Club အသင်းဝင် ဒေါ်လှစိုးမေမှ တင်တင်ဝင်း(စာပေဗိမာန်)ရေးသားသည့် အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသင်းဝင် ဒေါ်သဲယုဇာမှ တန်ဖိုး ရှိသောအမျိုးသမီးများသို့မဟုတ် အမျိုးသမီးများ၏တန်ဖိုး ခေါင်းစဉ်ပါအကြောင်းအရာဖြင့် လည်းကောင်း ဆက်လက်ဖတ်ရှုဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်း အမျိုးသမီးအခွင့် အရေးများနှင့်စပ်လျှဉ်းသောအသိပညာဗဟုသုတများဖြင့် ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)