ကျောက်ဂူကျေးရွာအုပ်စုရှိကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

အင်တော  နိုဝင်ဘာ  ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယရက် အဖြစ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း ၌ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို   ​ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အောက်တိုဘာလအတွင်းက  ထမအကြိမ်ထိုးနှံပြီးသူများအား ပထမရက်တွင် (၅၃၄)ဦးထိုးနှံပေးပြီး ဒုတိယရက်တွင် ၁၇၇ဦး လာရောက် ထိုးနှံကြပြီး  အင်တောမြို့ မြို့ အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲစခန်း စခန်းမှူးများနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ၊ ကျောင်းဆရာမများက ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကို QR Codeပါသည့် ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)