တောင်ကြီး နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနတွင်း ဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က သင်တန်း ဆင်း အမှာစကားပြောကြားပြီး သင်တန်းတွင် စာပေ ထူးချွန်ဆုရရှိသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တောင်ကြီးခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်က သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသား များကိုယ်စား သင်တန်းသားတစ်ဦးက လည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လည်းကောင်း လက်ခံရယူကြသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ထိ (၈)ရက်ကြာဖွင့်လှစ်ခဲ့ပြီး ဌာနတွင်း ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းသစ် ၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)