ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန် နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူ(၁၆)ဦး၊ အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ(၁၀)ဦး၊ အသစ်လဲလှယ်သူ(၆)ဦး၊ စုစုပေါင်း(၃၂)ဦး တို့အား ယနေ့နံနက်(၁၀)နာရီက အမှတ်(၄၃) ရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကမူလဒေသတွင် အိမ်ထောင်စုရှိပြီး လက်ရှိဒေသတွင် အိမ်ထောင်စု မရှိသူများအား မူလဒေသနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများကို ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀)နှစ်အထက် ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို  နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်း၊ အသစ် လဲလှယ်ပေးခြင်း ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ် လ.ဝ.က ဦးစီးမှူးဦးမြင့်ဇော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)