လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ်(၂၀)ရပ်ကွက်၌ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်

လှိုင်သာယာ(အနောက်ပိုင်း)   နိုဝင်ဘာ   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများ သည် အမှတ်(၂၀)ရပ်ကွက် ရှိပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများသည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အမှတ်(၂၀)ရပ်ကွက်များအတွက်နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၀)ခုကိုတာဝန်ရှိသူများအားပေးအပ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများအား ဆက်လက်ပေးအပ်ခဲ့သည်။

ထို့အပြင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးတွင်"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)