မင်္ဂလာဒုံ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းလျှော့ချရေး စုပေါင်းအဖွဲ့မှမြန်မာနိုင်ငံအတွင်းသို့ မလေးရှားမှလေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အပြည်ပြည် ဆိုင်ရာမင်္ဂလာဒုံလေဆိပ်တွင်ယမန်နေ့ညပိုင်းကမြို့နယ်ကြက်ခြေနီအရေးပေါ်ကားများဖြင့်ကြိုဆိုပြီးမင်္ဂလာဒုံမြို့နယ်ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင်ဖွင့်လှစ်ထားသည့်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစခန်းတွင်ထားရှိ၍ ယနေ့နံနက်(၁၀)နာရီက ပြည်တော်ပြန် အမျိုးသား(၉၁)ဦး၊အမျိုးသမီး(၂၃)ဦးစုစုပေါင်း (၁၁၄)ဦးတို့ကို RDT Test Kitဖြင့်နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီးကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိကျန်းမာရေး ဝန်ထမ်း များနှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။
ဓါတ်ခွဲအတည်ပြုပြီးပိုးတွေ့ရှိသူများကိုပုလဲဆေးရုံကြီးတွင်ဖွင့်လှစ်ထားသည့်ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာသို့ ပို့ဆောင်ပြီးပိုးမရှိသူများကို မိသားစုများရှိရာသို့ပို့ဆောင်ပေးမည် ဟုသိရ သည်။
ထို့ပြင်မြန်မာနိုင်ငံသို့လေယာဉ်ခရီး၊ မော်တော်ယာဥ်ခရီးများဖြင့် ပြန်လည်ဝင်ရောက်လာသူများ ကိုမင်္ဂလာဒုံအဝေးပြေးယာဉ်ရပ်နားစခန်းကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစခန်းတွင် ရောက်ရှိ ကြောင်း စာရင်းသွင်းပြီး ထောက်ကြန့်စင်တာတွင် ကိုဗစ်-၁၉ရောဂါရှိ၊မရှိစစ်ဆေးခံယူပြီးမှ မိမိ တို့သွားလိုရာအရပ်သို့သွားနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။
သန္တာ(ပြန်/ဆက်)