လောက်ကိုင် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှမတ်လထိ)(၆)လဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၂ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှမတ်လထိ) (၆)လတာအတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် အချိတ်အဆက်မိမိ အောင်မြင်အောင်ဆောင်ရွက်ကြရန် လုပ်ငန်းစီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် ပြည်သူများအတွက် အကျိုးရလာဒ်ကောင်း ရရှိစေနိုင်မည့် စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုးကန့်ဒေသစီမံကိန်းဉီးစီးမှူးဦးဝေမင်းထက်က ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှမတ်လထိ)(၆)လဒေသန္တရ စီမံကိန်းရည်မှန်းချက်နှင့်စပ်လျဉ်း၍ သက်ဆိုင် ရာဌာနများ၏ ကဏ္ဍအလိုက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်များကို ရှင်းလင်းပြော ကြားသည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူးက စီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာ ဌာနများသို့တာဝန်ပေး အပ်ခဲ့ကြောင်းသိရသည်။
ဒေါ်နန်းမြမြဝင်း