မိုင်းယန်း ဩဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CREP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူ များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန့်ကျေး ရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှားစကား ပြောကြားပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ ကျေးရွာနေပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော စည်းကမ်း ချက်များနှင့် သတိပေးနှိုးဆော်ချက်များကို လိုက်နာကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွှန့်တင်က မျိုးစေ့ ထုတ် တောင်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မိုးစပါး(RS-CS)မျိုးစေ့ ထုတ်စိုက်ပျိုးသူ မိုင်းယန်းမြို့နယ်မှ တောင်သူ (၁၉)ဦးနှင့် မိုင်းပေါက်မြို့ နယ်မှတောင်သူ(၄)ဦး၊ စုစုပေါင်း တောင်သူ(၂၃)ဦးတို့၏ လယ်ယာမြေ တစ်ဧကလျှင်မျိုးစေ့ဖိုးနှင့် အပင်ပြုစုခြင်းအတွက် ငွေကျပ် (၈၃၅၀၀)နှုန်းဖြင့် စုစုပေါင်းစိုက်ပျိုးဧက( ၆၅ဧက)အတွက် ငွေကျပ် (၅၄၂၇၅၀၀)ကို တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တောင်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)