ကျောက်မဲ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာရှိ "စိန်" ဆီစက်နှင့် ဆီရောင်းဝယ်ရေးလုပ်ငန်း၏ ဆီထုတ်လုပ်ရောင်းချနေမှု အခြေအနေများအား တာဝန်ရှိသူများက နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက သွားရောက် ကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ "စိန်" ဆီစက်သို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်မှူး ဦးသက်နိုင်ဦး၊ ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများက သွားရောက်ပြီး ကုန်ကြမ်းထုတ်လုပ်မှု၊ ကြိတ်ခွဲမှု၊ ကုန်ချောအဖြစ်ပြန်လည် ထုတ်လုပ်ရာတွင် သန့်ရှင်းမှုရှိ/မရှိ ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များ ပြည့်စုံမှန်ကန်စွာ လျှောက်ထား ခြင်းရှိ/မရှိနှင့် ဆီထုတ်လုပ်ရောင်းချနေမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးအကြံပြုမှာကြားခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက် အရသိရသည်။
အဆိုပါ စိန် ဆီဆိုင်၏ ပဲဆီသန့် ၁ ပိဿာရောင်းဈေးမှာ ငွေ ၆၅၀၀/-ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)