ထန်းတပင်(ရန်ကုန်)၊ နိုဝင်ဘာလ ၁၁ ရက်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦရေစာရင်းများကို နေ့စဉ် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ(၁၁)ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၃၇၆၉)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၇၃၇)ခုတို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ပြုလုပ်ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးဦးခင်ဆွေထံမှသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ စတင် ၍ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အသက်(၁၀)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားသူ (၅၈၉) ဦးနှင့်အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၃,၁၈၀)ဦးစုစုပေါင်း (၃,၇၆၉)ကတ်နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်စုအတွင်းရှိ အိမ်ထောင်စု(၇၃၇)စုတို့ကို အိမ်ထောင်စုလူဦးရေစာရင်း (၇၃၇) ခုတို့ကို ထုတ်ပေးဆောင်ရွက်ပြီး ဖြစ်ကြောင်းလည်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ဆောင်ရွက် ပေးရာတွင်လည်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို ရပ်ကွက်၊ ကျေးရွာ အုပ်စုများသို့လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိကာ ကိုင်ဆောင် လက်မှတ်မရှိသူများနှင့် အိမ်ထောင်စုလူဦး ရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်သလို ရွေ့ပြောင်းနေထိုင်သူများအတွက်လည်း မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိနေထိုင်ရာဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူ များကိုဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း လည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)