သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံပေး

သီပေါ နိုဝင်ဘာ ၁၁

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်နားမခေါ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာသို့ ကျန်းမာရေးဝန်ထမ်းများက သွားရောက်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးလာရောက်ထိုးနှံကြသောသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်း၊ မှတ်တမ်းများရေးသွင်းခြင်းနှင့် ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ် များ ထုတ်ပေးခြင်းတို့ကို ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ကျေးရွာစာရေးနှင့် ကျေးရွာ ကော်မတီ ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ထိုးနှံရာတွင် အောက်တိုဘာလအတွင်းပထမအကြိမ် ထိုးနှံပြီးစီးခဲ့သော  လူဦးရေ (၂၄၅)ဦး အား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်း ဖြစ် ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောကျေးရွာများသို့ ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ)