အသက် ၁၈ နှစ်အထက်နှင့် သက်ကြီးဘိုးဘွားများ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဆက်လက် ထိုးနှံပေးလျက်ရှိ

ဒဂုံတောင် နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက်  နံနက်(၀၉:၀၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ တွင်အသက် ၁၈ နှစ်အထက်နှင့် သက်ကြီးဘိုးဘွားများကို အလှည့်ကျစနစ်ဖြင့် ကိုဗစ်၁၉ ကာကွယ်ဆေး ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း သက်(၁၈)နှစ်အထက် နှင့်သက်ကြီးဘိုးဘွားများ၊ စက်ရုံအလုပ်ရုံ၊ အရောင်းဝန်ထမ်းများ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ volunteer၊ပရဟိတအသင်း အဖွဲ့များဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်၊ ဘာသာရေးကျောင်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ အခြားသော လုပ်ငန်းလုပ်ကိုင်သူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများ၊ supermarket၊ စျေးများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသောပြည်သူလူထု များကိုလည်း ဆေးရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

သက်မင်းဟန်