နိုဝင်ဘာ ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး၊ ဦးကြည်ဝင်းနိုင်နှင့် ဝန်ထမ်းများက လမ်းမတော်မြို့နယ်၊ ဦးစီးမှူးရုံး၌အသက် ၁၈ နှစ် ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြား လျောက်ထားသူများကို သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် အတည်ပြုလက်ခံဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်