ကွမ်းခြံကုန်း နိုဝင်ဘာ ၁၁ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျန်းမာရေးဝန်းကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များခရီးသွားလာမှု အဆင်ချောမွေ့စေရေး၊ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထားသော(SOP)များအပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်တွင် အမြန်ယာဉ်ငယ်ဂိတ်၊ စက်တပ်ရေယာဉ်ဆိပ်နှင့် မြို့အဝင်ဂိတ်တွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဒုတိယဦးစီးမှူး ဦးသန်းကျော်အေး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။
ဆွေနွယ် (ပြန်/ဆက်)