မြင်းခြံမြို့တွင် ခရီးသွားယာဉ်လိုင်းများနှင့် ခရီးသည်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ စစ်ဆေး

မြင်းခြံ နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ခရီးသွားယာဉ် လိုင်းများနှင့် ခရီးသည်များ ခရီးသွားလာရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။

ခရီးသွားယာဉ် လိုင်းများနှင့် ခရီးသည်များ ခရီးသွားလာရာတွင် ကျန်းမာရေးဝန်ကြီး ဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းချို၊ မြို့နယ်ကျန်းမာ ရေးမှူး ဦးမြင့်သူ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုက်ပါစစ် ဆေးခဲ့ကြောင်း သိရသည်။ ခရီးသွားပြည်သူများအတွက် ကားဂိတ်ရှေ့တွင် လက်ဆေးရေစဉ်များ ထားရှိပေးခြင်း၊ ခရီးသည်များအား လက်သန့်ဆေးရည်ဖြင့် လက်သန့်စေခြင်း၊ Mask တပ်စေခြင်း ပုံမှန်ကားခထက် နှစ်ဆ ကောက်ခံပြီး သတ်မှတ်ထားသော ခရီးသည် တစ်ဝက်ဖြင့်သာ ပြေးဆွဲကာ ကားမောင်းသူ များအနေဖြင့် ခရီးသည် ပိုမိုတင်ဆောင်ပါက အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ် ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီနှင့် ကားဂိတ်များမှ တာဝန်ရှိသူများကလည်း ခရီးသွားမည့်သူများကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လက်ဆေးစေ ခြင်း၊ Mask တပ်စေခြင်း၊ သတ်မှတ်ထားသော လူဦးရေအတိုင်း တင်ဆောင်ခြင်းဖြင့် ယာဉ်လိုင်းများ ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)