မာန်အောင်မြို့နယ်၌ ကင်းတဲ၊ အလေးချောင်၊ တောင်ပြင်ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဖွင့်ပွဲကျင်းပ

မာန်အောင် နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ (UNDP)မှ ထောက်ပံ့ကူညီမှုဖြင့် ကင်းတဲ၊ အလေးချောင်၊ တောင်ပြင် ကျေးရွာချင်းဆက် ကျောက်ချောလမ်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ယင်းလမ်းထိပ်၌ ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုး၊ ဦးကျော်မြနှင့် ကင်းတဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးဖွင့်ပွဲ အခမ်းအနားသို့ ကျေးရွာ ရပ်မိ၊ရပ်ဖများ၊ ကျေးရွာနေ ပြည်များ(၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်ချောလမ်းသည် အရှည် ၂၀၀၀ ပေ၊ အနံ ၂၅ ပေရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံအစိုးရနှင့် ဂျာမဏီနိုင်ငံအစိုးရတို့၏ ထောက်ပံ့ကူညီမှုဖြင့် ရခိုင်ပြည်နယ် အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (ယူအင်ဒီပီ-မြန်မာ)တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျပ်သိန်း ၄၅၀ တန်ဘိုးရှိ ကျောက်ချောလမ်းကို မေဃစတားကုမ္ပဏီက တာဝန်ယူခင်းထားသော ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)