ဒေါပုံ မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ

ဒေါပုံ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် စေတနာဝန်ထမ်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန် လာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကိုဖော်ပြပေးလိုက်ပါသည်။

မေး- အမည်၊ အသက်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်လေး ဖြေကြားပေးပါရှင်။

ဖြေ- ကျွန်တော်အမည်က ကိုစည်သူဖြိုး ဖြစ်ပါတယ်၊ အသက်က (၃၇)နှစ် ရှိပါပြီ၊ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်မှာ နေထိုင်ပါတယ်၊ ဒေါပုံမြို့နယ်မှာ သံပန်းတံခါးအလုပ်ကို  လုပ်ကိုင်ပါတယ်။

မေး-(ကိုဗစ်-၁၉)ရောဂါဘယ်လိုစတင်ဖြစ်လာခဲ့ပါသလဲရှင်။

ဖွေ - ကိုဗစ်-၁၉ ရောဂါစ ဖြစ်ပြီးကိုယ်အပူချိန်တွေ တက်လာပါတယ် ၃ရက်လောက်က အနံ့ပျောက်သွား ခဲ့ပါတယ်။

မေး-ရောဂါဖြစ်ပွားတဲ့အချိန်ဘယ်လိုနေထိုင်ခဲ့ပါသလဲရှင့်။

ဖွေ -ရောဂါပိုး ရှိတယ်ဆိုတာ သိခဲ့ရပြီးတဲ့နောက်မှာ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများ၏ လမ်းညွှန်ချက်အတိုင်း နေထိုင်ပါတယ် အိမ်မှာမိသားစုနဲ့အစားအသောက်အားလုံး သီးခြားနေထိုင်ခဲ့ပါတယ်။

မေး- ကျန်းမာရေးပြန်လည်ကောင်းမွန်လာအောင် ဘယ်လိုတွေနေထိုင်ဆောင်ရွက်ခဲ့ပါသလဲရှင်။

ဖြေ - ဆေးကိုပုံမှန်သောက်တယ်၊ လေ့ကျင့်ခန်းပုံမှန်လုပ်တယ်၊ အိပ်ရေးဝဝအိပ်တယ်၊ အစား ပုံမှန်စားတယ်။

မေး - အများပြည်သူတွေကိုရော ဘယ်လိုနေထိုင်သွားရမယ်ဆိုတာ အကြံပြုပေးပါအုံးရှင်။

ဖြေ- ဒီရောဂါ ကူးစက်ခံရပြီဆိုရင် စိတ်ဓာတ်ကျမသွားဖို့ အဓိကပြောချင်ပါတယ်၊ ကိုယ်ခံအားကောင်းဖို့လည်း အရေးကြီးပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များကိုလည်း လိုက်နာကြပါ၊ အပြင်ထွက်တိုင်း Mask နှာခေါင်းစည်း တပ်ဆင်ပြီးမှ သွားလာကြပါ၊ အပြင်ကပြန်လာတိုင်း အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆေးကြောပေးကြပါ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများလည်း ကာကွယ်ဆေးထိုးနှံပေးကြပါလို့ ကျွန်တော်အနေနဲ့တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မြို့နယ်(ပြန်/ဆက်)