မင်္ဂလာဒုံမြို့နယ် တောတိုက်ဓမ္မရိပ်သာကျောင်းမှ သာသနာ့နွယ်ဝင် သီလရှင်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မင်္ဂလာဒုံ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုနှုန်း သိသိသာသာလျှော့ချလာသော်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကာကွယ်ရေး နည်းလမ်းများကို အရှိန်အဟုန်မပျက်ဆက်လက် နေ့စဉ်ဆောင်ရွက်လျှက်ရှိရာ ယနေ့တွင် တောတိုက်ဓမ္မရိပ်သာဘုန်း တော်ကြီးကျောင်းမှ သာသနာ့နွယ်ဝင်သီလရှင် (၃၅)ပါးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် သူများကို ရပ်ကွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက မိမိတို့အပိုင်အတွင်းရှိ နေအိမ်များကို တစ်အိမ်တက်တစ်အိမ်ဆင်း မည်သူမျှမကျန်စေရအောင် စာရင်းလိုက်လံ ကောက်ခံလျှက်ရှိကြောင်း သိရသည်။

ဦးမျိုးသန့်