မြန်မာနိုင်ငံအတွင်းသို့ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၁၁၆)ဦးကိုမ င်္ဂလာဒုံ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စခန်းတွင်ထားရှိ

မင်္ဂလာဒုံ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို  အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းက မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (ကျား)၉၂ ဦး (မ)၂၄ဦး စုစုပေါင်း(၁၁၆)ဦးကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းဝန်းအတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး စခန်းတွင် ကွာရာတင်းထားရှိ၍ ကိုဗစ်-၁၉ ရောဂါရှိ/မရှိ Swab ယူပြီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ပြည်တော်ပြန်များကို စစ်ဆေးရာတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသူများကို စခန်းတွင် ကွာရာတင်း(၇)ရက်ထားရှိပြီးမှ သွားလိုရာအရပ်သို့ ပို့ဆောင်ပေးကာ ပိုးတွေ့ရှိသူများကို သုဝဏ္ဏမြို့နယ် ကိုဗစ်-၁၉ ကုသရေးစင်တာသို့ ပို့ဆောင်ပြီး ကုသစေသည်။ ကိုဗစ်စင်တာတွင် Quarantine ဝင်နေသူများကို နံနက်စာ ညစာ ကျွေးမွေးကြောင်း သိရသညိ။

မျိုးသန့်(မင်္ဂလာဒုံ)