မင်္ဂလာဒုံမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မင်္ဂလာဒုံ နိုဝင်ဘာ ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် “ပန်းခင်း” စီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် “ပန်းခင်း” စီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ယနေ့နံနက်ပိုင်း၌ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လ.ဝ.က မှူးဒေါ်ခင်အေးဝင်းဦးဆောင်သည့် အဖွဲ့များသည် ကျေးရွာနေပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ် ကိုင်ဆောင်သူ(၉)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ် ကိုင်ဆောင်သူ(၈)ဦး၊ အသက်(၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် နိုင်ငံသားကတ် လဲလှယ်သူ(၇)ဦး စုစုပေါင်း(၂၄)ဦးတို့ကို လည်းကောင်း၊ ကုန်းတလဘောင်ကျေးရွာရှိ ပြည်သူများကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ ခေါ်၍ အသက်(၁၀)နှစ်ပြည့်နိုင်ငံသား ကတ်ကိုင်ဆောင်သူ(၂၅)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ် ကိုင်ဆောင်သူ(၁၁)ဦး၊ အသက်(၁၀)နှစ်ပြည့်မှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ်လဲလှယ်သူ(၆)ဦး စုစုပေါင်း(၄၂)ဦးတို့ကိုလည်းကောင်း အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

“ပန်းခင်း” စီမံချက်ကို(၂၀၂၁)ခုနှစ်၊ မေလ(၃)ရက်မှ စတင်၍ကျေးရွာ၊ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိပြီး (၂၀၂၂)ခုနှစ်၊ နိုဝင်ဘာ(၃)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

သန္တာ(ပြန်/ဆက်)