ရန်ကင်းမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်နေ့စဉ် ဆောင်ရွက်ပေးလျှက်ရှိ

ရန်ကင်း နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား “လူနေမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား  ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ရုံးတွင်လည်းနေ့စဉ် ပြုလုပ်ဆောင် ရွက်ပေး လျက် ရှိကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှ လဝကမှူးဦးသိန်းမောင်နှင့် ဝန်ထမ်းများကျေးရွာအုပ်စု တာဝန်ရှိသူများက တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိရေး အတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျကွင်းဆင်း၍ လိုက်လံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း စနစ်တကျ ထိန်းသိမ်း၍ ကိုင်တွယ်အသုံးပြုရန်အချက်များကို  ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကင်းမြို့နယ် အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)