မြစ်ကြီးနား နိုဝင်ဘာ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင်ကြိုဆိုပွဲ၊ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းနားနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များသို့ တက်ရောက်ပညာသင်ကြားကြ မည့် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ် ဆေးထိုးနှံ ပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာသစ်လွင်များအား ကြိုဆိုပွဲကို မြစ်ကြီးနား တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသည့် တက္ကသိုလ်များသည် အဓိကအခန်းမှ ပါဝင်နေသောကြောင့် တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျပါ ကြောင်း၊ ထို့ကြောင့် ယနေ့ နည်းပြ၊ သရုပ်ပြဆရာများအား လှိုက်လှဲစွာ ကြိုဆိုသည့်အပြင် နိုင်ငံ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာရမည့် စည်းကမ်းများ၊ ရပိုင်ခွင့်များကို သိရှိလိုက်နာစေရန် မွမ်းမံသင်ကြား ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ/ ဆရာ မများအနေဖြင့် လေးနက်စွာဖြင့် ဘက်စုံပညာရည်ပြည့်ဝသည့် တန်ဖိုးရှိသည့် ဆရာ၊ ဆရာမများ ဖြစ်လာကြစေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဆရာသစ်လွင် များအား ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ မွမ်းမံသင်တန်းတက်ရောက်ကြမည့် ဆရာသစ်လွင် ၇၇ ဦးတို့အား ဒုတိယပါမောက္ခချုပ်၊ ဘာသာ ရပ်ဆိုင်ရာပါမောက္ခများ၊ စီမံ၊ သင်တန်းအရာရှိများက အသီးသီးနှုတ်ဆက်ကြိုဆိုခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလ်ိခခန်းမ၌ ပြည်နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား/သူများ အား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုအခြေအနေ များနှင့် ကာကွယ်ဆေးထိုးနှံပေးနိုင်မှုခဲ့မှု အခြေအနေများကို သုံးသပ်ရှင်းလင်းပြောကြားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးက ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် များအလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအများဆုံး မြို့နယ်များနှင့် ကျေးရွာများတွင် ဖြစ်ပွားလျက်ရှိသည့် အခြေအနေများကို သုံးသပ် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ်တို့က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ချနိုင်ရေးလုပ် ငန်းစဉ်များ၊ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များတွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးတို့ အတွက် အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား /ကျောင်းသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုအတွေ့အကြုံဖြင့် တက္ကသိုလ်တက်ရောက်မည့်သူများ အတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် စာရင်းကောက်ယူ၍ ထိုးနှံပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်တို့မှ တင်ပြလာသည့် ၂၀၂၁-၂၀၂၂ (Mini Budget) အောက်တိုဘာလမှ မတ်လအထိ (၆)လပတ်ကာလ ဒေသပေါက်ဈေးနှုန်းများအား အတည်ပြုနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို လည်းကောင်း၊ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရေး နှင့် ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းပေါင်း စပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်