နမ့်ခမ်း နိုဝင်ဘာ ၆
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ ရောင်းချနေသည့် ပြည်သူများက မြို့နယ် ကို-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက် များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ယနေ့ နံနက်ပိုင်း (၁၀) နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေသော်လည်း ရောဂါ အတည်ပြုလူနာများ လျှော့နည်းသက်သာခြင်း မရှိသည့်အတွက် ရောဂါ ကူးစက်ပြန့် ပွားမှုး ကြိုတင်ကာကွယ်နိုင်ရေးကို နမ့်ခမ်းမြို့ စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ စားသောက်ဆိုင်များ ရောင်းချနေ သည့် ပြည်သူများက စားသောက်ဆိုင်နှင့် ပတ်သတ်သည့် မြို့နယ် ကို-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီက ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ အား လိုက်နာ ဆောင်ရွက်ခြင်း ရှိ မရှိ၊ စားသောက်ဆိုင် အတွင်း အပြင် ရောဂါ ကာကွယ်ရေးပစ္စည်းများ ထားရှိခြင်း၊ သတ်မှတ်သည့် အကွာအဝေးများ နေထိုင်ခြင်း နှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြို့နယ် ကို-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီက ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များ တိကျလိုက်နာ ဆောင်ရွက်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးအောင်ဖေ ဦးဆောင်သည့် စည်ပင်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်မှူးတို့က ပူးပေါင်းပြီး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)