ပြင်ဦးလွင်မြို့နယ်၌ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ               

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ် ၂၀၂၁ - ၂၀၂၂  ဘဏ္ဍာရေးနှစ် ( ၆ ) လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို  ယနေ့နံနက် (၁၀) နာရီက  စုပေါင်းရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ပြင်ဦးလွင်မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံ ကိန်းဦးစီးမှူး ဦးရဲမြတ်ထွေးက ၂၀၂၀ -၂၀၂၁  ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များ အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ   ၂၀၂၂  ခု မတ်လအထိ ( ၆ ) လ စီမံကိန်းအတွက် စီမံကိန်းရည်မှန်းချက်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ပြင်လွင်မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့်  အကောင်အထည်ဖော်ရေး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက   စီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာဌာနများသို့  တာဝန်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)