ရမည်းသင်း နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်၍ မိုးနှောင်း ချည်မျှင်ရှည် ဝါသီးနှံမျိုးစေ့ထုတ်လုပ်မှုနည်း ဆင့်ပွားသင်တန်းကို နိုဝင်ဘာ ၅ ရက်နံနက် ၉ နာရီကမြင်းနားကျေးရွာတောင်သူဦးမောင်အေး၏ကွင်းအမှတ်(၁၁၄၀က)၌ရွှေတောင်(၁၀)ဝါမျိုးသန့် ၂ဧက စိုက် ကွင်းတွင်ဝါမျိုးသန့်ထုတ်လုပ်မှု နည်းစနစ်မှန်ကန်စွာစိုက်ပျိုးထုတ်လုပ် နိုင်စေ ရန်စာတွေ့၊လက်တွေ့သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး ဦးစိုင်းသန်းအောင်မှ Video Conferencing စနစ်ဖြင့် အမှာစကားပြောကြားပြီးရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သက်သက်ထွန်းက အမှာစကားပြောကြားကာ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းချို မှဝါသီးနှံမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးထုတ်မှု သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာန်ခံ ဒေါ်မင်းမင်းသွင်မှ မိုးနှောင်းဝါမျိုးစေ့ကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ် ဝါသီးနှံမျိုးသန့်ခြံ တာဝန်ခံဦးစီးအရာရှိ ဦးကြည်စိုးမှဝါသီးနှံမျိုးခွဲအလိုက် စိုက်ပျိုးထုတ်လုပ်သည့် နည်းစနစ်များ ကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ်ဝါကြိတ်ခွဲစက်ရုံတာဝန်ခံဦးခင်မောင်မြင့်မှ ဝါမျိုးစေ့ ထုတ်လုပ်မှုကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ရွှေတောင်(၁၀)ဝါမျိုးသန့်စိုက်ကွင်း အတွင်းလက်တွေ့ရှင်းလင်းပြသရာ သင်တန်းတက်ရောက်သည့် ဝါစိုက်ပျိုးသည့် တောင်သူ(၂၇) ဦးနှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းသင်တန်းသား(၂၅)ဦးတို့မှ သိရှိလိုသည်များကို မေးမြန်ကြရာ ပျော်ဘွယ်မြို့နယ် ဝါသီးနှံမျိုးသန့်ခြံတာဝန်ခံဦးစီးအရာရှိ ဦးကြည်စိုးမှ ပြန်လည် ရှင်းလင်းခဲကြောင်း သိရသည်။
ဝါသီးနှံသည် လူသားတို့ဝတ်ဆင်ရေးအတွက် သဘာဝချည်မျှင်ထုတ်လုပ်နိုင်သော အရေးအပါ ဆုံးစက် မှုကုန်ကြမ်းသီးနှံဖြစ်ပြီး လူသုံးကုန်ပစ္စည်းထုတ်လုပ်ရန်လိုအပ်သည့် ကုန်ကြမ်း ဆီဖူလုံရေးအတွက် များစွာအထောက်အကူဖြစ်သောသီးနှံလည်းဖြစ်ကာ နှစ်စဉ် ဝါသီးနှံစိုက် ဧကပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေးအတွက် ဝါမျိုးကောင်း၊မျိုးသန့်၊မျိုးစေ့များရရှိရန် မျိုးစေ့ ထုတ်(အထူးဇုံ)စိုက်ကွင်းများ ဖော်ဆောင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများအနေဖြင့် မိမိဒေသ နှင့် ကိုက်ညီသည့် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိုက်ပျိုး ထုတ်လုပ် နိုင်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ရရှိသုံးစွဲနိုင်ပြီးမျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး တောင်သူဝင်ငွေ တိုးတက်စေရန် နှင့်
အရည်အသွေးပြည့်ဝသောမျိုးစေ့ရရှိစေရန် ဝါသီးနှံ မျိုးစေ့ထုတ်လုပ်နည်းပညာဆင့်ပွားကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ကာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်)