နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီများ ရေရှည် တည်တံခိုင်မြဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၁) ကျင်းပ

နေပြည်တော် နိုဝင်ဘာ

နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီများ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ တစ်ပြေးညီဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီက ပုဗ္ဗသီရိမြို့နယ်ရှိ သတ္တသတ္တာဟ စေတီတော်မြတ်ကြီး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်တဲ့ အပြင် ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်၍ ကျန်းမာရေးကိစ္စရပ်များလည်း အနည်းငယ် ဖြေလျှော့လာပြီး  ဘုရာဖူးများလည်း လာရောက်နေပြီဖြစ်သည့်အတွက် စေတီများအား သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုဖွယ် စေတီတော်များအဖြစ် ရေရှည်တည်တံ့အောင် ဆောင်ရွက် ကြစေလိုကြောင်း၊ ဘုရားစေတီ များအတွက် သန့်ရှင်းရေး၊ လုံ​​ခြုံရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးကို အထူးအလေးထားကြစေလိုကြောင်း၊ ဘုရားစေတီများ ပြုပြင်ရန် လိုအပ်ချက်များ ရှိပါကလည်း တင်ပြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နေပြည်တော်သာသနာရေးဦးစီးဌာန တိုင်းသာသနာရေးမှူး ဦးဆန်းထွန်းအောင်က သံဝေဇနိယလေးဌာန၏ ဝန်ထမ်း အင်အားဖွဲ့စည်းပုံနှင့် စေတီများ တွင် တာဝန်ချထားမှု  လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စီမံရေးရာဌာန၊ ဘဏ္ဍာရေးဌာန၊ လုပ်ငန်းရပ်ဌာန၊ ဝတ္တကဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ အတွင်းရေးမှူးဌာနမှ ဂေါပကအဖွဲ့ဝင်များက မိမိတို့ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး​ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)