ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မောင်တော  နိုဝင်ဘာ  

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ပထမအကြိမ် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် နာရီအချိန် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနေဦး က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးမှူးကျင်းပမည့် ပထမအကြိမ် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာ ဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊  ဌာနများအလိုက် ပဒေသာပင်များ ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြပေးကြရန်နှင့်  မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီမှ  လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေး တင်ပြကြရန်  လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူးမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်နေ့တွင် သာသနာ့ဗိမ္မာန်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ စုပေါင်း မဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ယခုလက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက  မဟာဘုံကထိန်ဖြစ်မြောက်ရေး ကော်မတီများ၏ ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်း တာဝန်များက အသီးသီး ဆွေးနွေးတင်ပြကြရာ  တင်ပြချက်များအပေါ်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး