နောင်တရားမြို့၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေး

နောင်တရား   ဩဂုတ်   ၁၉

သက်ကြီးဘိုးဘွားများ ကျန်းမာစွာဖြင့် အသက်ရှည်ရှည် နေထိုင်နိုင်ရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ကျေးလက် ကျန်းမာရေး ဌာနနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ နောင်တရားမြို့ရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး စောင့်ရှောက်မှု ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်တရားမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဝတ်ရည်ဖြိုးနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၀င်များသည် နောင်တရားမြို့အတွင်းရှိ အသက်(၆၀)ကျော် ဘိုးဘွားများ အား ဗုဒ္ဓဟူးနေ့တိုင်း တစ်ပတ်လျှင်တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး လျက်ရှိပြီး ကျန်းမာရေးဆေးပေးခန်းသို့ လာရောက်သည့် ဘိုးဘွားများကို ဆီးချိုသွေးချိုများ စစ်ဆေးပေးခြင်း၊ သွေးတိုးရှိမရှိ စစ်ဆေးပေးခြင်းအပြင် အခြား အထွေထွေ ကျန်းမာရေးများ ကိုလည်း စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 “အဘိုးကတော့ ယခုတစ်ပတ်မှ စလာပြတာပါ သွေးအားနည်းလို့ ခဏဏ မူးတတ်ပါတယ် ခုလို အဘိုးတို့အတွက် ဗုဒ္ဓဟူး နေ့တိုင်း တစ်ပတ်တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်ကုသပေး တာဝမ်းသာပါတယ်ဟု ကျန်းမာရေးဆေးပေးခန်းသို့ လာ ရောက်ပြသသည့် အဘိုးဦးခေါင်က ပြောကြားခဲ့သည်။

ခွန်အောင်(နောင်တရား)